Friday, December 23, 2016

Coffe and Color (4)

Blender နဲ့ Stetho လုပ်ချင်တာနဲ့လုပ်ကြည့်တာပါ။ texture ကိုရိုးရိုးပဲထည့်ထားပေမယ့် အခြေ

အနေသိပ်မဆိုးဘူးလို့ထင်တာပဲ။ နောက်ကစာအုပ်ကတော့ နောက်မှစိတ်ကူးပေါ်ပြီးထည့်လိုက်တာ။

ဖတ်ခဲ့ဖူးတဲ့ဆေးစာအုပ်တွေနဲ့ အပြင်စာအုပ်တွေနဲ့နှိုင်းစာရင် အပြင်စာတွေကပိုများခဲ့လို့ပါ။

တခါသားမှာ သမားတော်ကြီးဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်နဲ့ဆုံတုန်း ၊ သူက

ဆေးပညာခရီးဆိုတာမာရသွန်လို့မြင်တယ်ဆိုပြီး တော်တော် အတွေ့အကြုံရနေတဲ့ပုံနဲ့ ပြောတာခံရပါတယ်။

အဲဒီအချိန်ကိုယ်က အပြင်ကိုထွက်ဖို့ကြိုးစားနေချိန်ပါပဲ။ သူဆိုလိုချင်တာက ခရီးအရှည်ကြီးပြေးပြီးရင်

ဆုကြီးရမယ်လို့ဆိုလိုချင်ပုံရပါတယ်။သူ့ရဲ့ဖြတ်သန်းမှု နဲ့ အပြင်စာဖတ်အားကိုသိခဲ့တဲ့သူမို့

ဘယ်လိုမှ မတုံ့ပြန်ခဲ့ပါ။ပြီးတော့ ကိုယ်တွေဆေးကျောင်းသားဘ၀ကတည်းက ဆေးပညာ

အပြင်ကတခြားအရာတွေအပေါ်ဘယ်လောက်ကျက်စားမိခဲ့တယ်ဆိုတာသူမသိဘူးလို့

ကိုယ်ကသိနေလို့ပါပဲ။

ဒီပုံကိုလုပ်နေတုန်းအဲတာလေးပြန်တွေးမိလို့ပါ။

Saturday, December 17, 2016

Coffee and Color (3)

Don't bend the coffee spoons
Drink your coffee first
And bend yourself .... 😃😃😃

Thursday, December 15, 2016

Coffee and Color (2)

Blender နဲ့နောက်လေ့ ကျင့် ခန်းတစ်ခုပါပဲ။ ပြတင်းပေါက်ကဝင်လာတဲ့ မနက်ခင်းအလင်းကိုရတယ်

လို့တော့ ထင်ပါတယ်။

3D software တွေကို ကြိုက်မိတာကတော့ အဲသမှာ အရာအားလုံးကို စိတ်ကူးထဲရှိသလိုလုပ်လို့ရတယ်။

လွတ်လပ်ပါတယ်။

ကိုယ့်ကိုယ်တိုင်ရဲ့ software ကိုဘယ်လောက်ကိုင်တွယ်နိုင်တယ်ဆိုတာကပဲ အကန့်အသတ်ဖြစ်မှာပါ။


Thursday, December 8, 2016

Coffee and Color (1)

3D software တော်တော်များများကစားဖြစ်ပါတယ်။၂ဝဝ၂-၂ဝဝ၃ လောက်ကတည်းကပါ။တကယ့်

pro တွေဖြစ်တဲ့ Maya တို့ Poser တို့ကိုလဲမြည်းဖူးပါတယ်။နည်းပညာအခြေခံနည်းတာရယ်၊အချိန်နည်း

တာရယ် ကြောင့်မလွယ်လှပါဘူး။ Blender ကိုလဲအဲဒီအချိန်လောက်မှာစပြီးတွေ့ပါတယ်။အဲဒီတုန်းက

အဆင်မပြေပါဘူး။နောက်ပိုင်း စာအုပ်တွေဖတ်၊ ဗီဒီရိုလေ့ကျင့်ခန်းတွေလျှောက်လုပ် နဲ့   ကြိုးစားပါတယ်။

မရပါ။အခု ၂ဝ၁၆ ကျတော့လဲတစ်ခါထပ်လုပ်ပြန်ပါတယ်။ အခုတော့ လုပ်ပြီးသလောက်လေးအရင်နဲ့စာ

ရင် ကိုယ့်ဘာသာကိုယ်အဆင်ပိုပြေလာတယ်လို့ထင်ပါတယ်။   
Coffee on Yellow

Friday, December 2, 2016

၀င်္ကပါ

အေးရိပ်သာတဲ့ ပညောင်ညို

ဥသြတွန်သံချို ။

တိုးလျှို စီးတဲ့ နဒီတွင်း

သမင်ရေသောက်ဆင်း ။

မြက်ခင်းလဲ့လဲ့မြေညီညီ၊ကံ့ကော်ဝတ်မှုန်စီ

ဇာလီ  ပျော်တဲ့  ကျောင်းသင်္ခမ်း

လူလေးသွားချင်စမ်း။

(မင်းသုဝဏ်)