Monday, October 10, 2016

တောအုပ် လေးအတွက် မိတ်ဆက် စကား


 လူတစ်ယောက်ချ င်း ဆီမှာ သူ့အတွက်သာ ကိုယ်ပိုင်တောတစ်အုပ်တော့ရှိလိမ့်မပေါ့။

ဤကဲ့သို့တခါတရံတွေးပါတယ်။

ကိုယ့်ဆီ ရှိ တဲ့ တောတစ်အုပ်ကိုမျှ ခြင်းဟာတစ်ယောက်ယောက်အတွက် သူ့တောအုပ်ကလေးကို

သတိတရဖြစ်စေမလား လို့လည်းစဉ်းစားပါတယ်။


ပြီးတော့ လည်း ၂ဝဝ၂ - ၂ဝဝ၃ ခုနှစ်တွေတုန်းက စလုပ်ဖြစ်တာလေးတွေကို

ဆက်လုပ်ဖို့စိတ်ကူးပေါက်လာတာလဲပါပါတယ်။


တောအုပ်လေးထဲ လမ်း လျှောက်
တယ်   ဆိုတာကလည်း ဟိုငေးဒီငေး၊ ဟိုတွေးဒီတွေးပေါ့။

ရည်ရွယ်ချက်ရယ်လို့လည်း များများ မရှိလှပါဘူး။အပျ င်းပြေ၊ အငြီးပြေသဘောပေါ့။


နေ့စဉ်ဘဝရဲ့ထုံထိုင်းထိုင်းဖြစ်လာရမှုကို သစ်ရွက်တွေကြားကလေတိုးသံတွေထဲမှာ
ပျောက်အောင်လုပ်ကြည့်ရင်း ၊ အပိုင်းအစလေးတွေများများလာတာကို စုစည်းမျှဝေတာပါပဲ။


အလေးအနက်တွေလဲပါ ၊ ကစားတာတွေလဲပါ ၊ အမြဲတမ်းပြောင်းနေတဲ့ သိစိတ်အ မျှ င်တန်းကြီးထဲက

တောက်တိုမယ်ရတွေပဲဆိုပါတော့။