Thursday, December 1, 2016

အသက် ၁၂ ၊ ၁၃ မှာ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ မျက်ရည်လောကများ၏ဟိုမှာဘက်ဆိုတဲ့ စာအုပ်ကို
ဖတ်ရပါတယ်။တောင်ကြီးက ပန်းနုရောင် ဆိုတဲ့စာအုပ်ဆိုင်ကလေးမှာငှားဖတ်ဖြစ်တာပါ။အဲဒီစာအုပ်မတိုင်
မှီ တက္ကသိုလ်ဘုန်းနိုင်ကိုမသိပါဘူး။ ဘာသာပြန်စာအုပ်တွေပဲတောက်လျောက်ဖတ်နေတာပါ။ စာအုပ်ငှား
တဲ့ ဆိုင်ရှင်က ညနေတိုင်းငှားနေတော့ရင်းနှီးနေတာနဲ့ ကောင်လေး ဒီစာအုပ်ဖတ်ကြည့်ကွာဆိုပြီး၊ မျက်
ရည်လောက ကိုပေးတာပါပဲ။အဲဒီကစ ပြီး လောက ကိုမြင်ပုံက တမျိုးပြောင်းပါတယ်။ဆရာ့ရဲ့စာအုပ်တွေ
ကိုတောက်လျောက်ရှာဖတ်ပါတယ်။ သူ့ရဲ့ဝတ္တုတွေကို အကုန်ဖတ်ဖူးသွားပါတယ်။ဝတ္တု အားလုံးတော်
တော်များများတစ်ခေါက်စီပဲဖတ်ဖြစ်ခဲ့ပေမယ့်၊ဆရာ့ရဲ့ ခပ်သိမ်းကလျာရှု ဖွယ်သာတည်း ကိုတော့ ခုအ
သက်အရွယ်ထိဆို သုံးခါပြန်ဖတ်ဖြစ်ပါတယ်။ ဘဝမှာ အများဆုံးပြန်ဖတ်ဖြစ်တဲ့စာအုပ်ပါပဲ။အဲဒီစာအုပ်
ကြောင့်ပဲ အနုပညာ နဲ့ စာပေ ကိုပိုပြီးနက်နက်နဲနဲသိသွားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆပါတယ်။
ပြောလိုရင်းကတော့ မျက်ရည်လောကများ ထဲက ဇတ်ကွက်တွေတော်တော်များများ၊ တောင်ကြီးက
ရှုမျှော်ခင်းလမ်း တဝိုက်မှာအခြေခံပါတယ်။အဲဒီလမ်းဟာ ကိုယ်တွေအဲဒီအချိန်မှာ ခဏတိုင်းရောက်ဖြစ်တဲ့
နေရာပါပဲ။ အစကသိပ်မသိသာပေမယ့်၊ မျက်ရည်လောကဖတ်ပြီးတဲ့နောက်ပိုင်း အဲဒီလမ်းပေါ်လျှောက်ရ
တာဟာ အိပ်မက်ပိုဆန်လာပါတယ်။စိတ်ကူးယဉ်လို့ အရမ်းကောင်းပါတယ်။ အဲဒီအချိန်ကသူငယ်
ချင်းတော်တော်များများဟာ မျက်ရည်လောက ကိုမသိကြတာမို့ တကိုယ်ရည်တကာယ ခံစားမှုဟာပိုအားကောင်းခဲ့ပါတယ်။ဒါနဲ့ပဲ ပုံရေးဖို့ကြံစည်တော့ အဲဒီလမ်းဟာ စိတ်ထဲမှာအမြဲရှိနေတာမို့ ရေးကြည့်ဖြစ်တာပါပဲ။၂ဝ၁၂ ကတည်းက Artrage ကိုသုံးပြီးရေးဖြစ်ခဲ့တဲ့ပုံပါပဲ။ ၂ဝ၁၄ မတ်လ ထဲမှာသူငယ်ချင်းတစ်
ယောက်နဲ့တွဲလုပ်ဖြစ်ခဲ့တဲ့ နွေဦးအလွန်ပန်းချီပြပွဲမှာ ပြဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment