Saturday, December 16, 2017

အလုပ်ပါးတဲ့ ညနေခင်း


ဒီပုံမှာ လိုချင်တဲ့ Light ကိုရခဲ့ပေမယ့် Composition အရကြည့်ရင် foreground အရမ်းကျဉ်းသွားတယ်

လို့ယူဆပါတယ်။ ဆေးခန်း ကိုနောက်ကိုပိုပို့နိုင်ရင်ပုံကစိတ်ဝင်စားဖို့ပိုကောင်းမယ်ထင်မိတယ်။

ဆေးခန်းပုံ အမှတ်တရပေါ့။

Sunday, December 10, 2017

အညာနေ


သူငယ်ချင်းတစ်ယောက်ရိုက်ခဲ့တဲ့အညာရှုခင်းကိုပြန်ရေးတာပါ။ canson စက္ကူ ပေါ်မှာရေးပါတယ်။ညောင်ပင်ကို မျောထားတာလေးကြိုက်ပါတယ်။လှည်းကိုတော့ သိပ်မကြိုက်ပါ။ထပ်ပြင်ရင်ပျက်တော့မှာမို့ရပ်ရပါတယ်။

Friday, December 8, 2017

Morning@Feel


တစ်မနက် Feel ကိုရောက်တုန်း လျှပ်တပြက်ရခဲ့တဲ့ပုံပါ။ မနက်စာစားဖို့ပြင်နေကြတဲ့ atmosphere ကိုမိတယ်လို့ထင်ပါတယ်။

Thursday, December 7, 2017

တောင်ကြီး ( ၉ )


တောင်ကြီးမြို့ အစွန်ကနေ တောင်အောက်ကိုလှမ်းမြင်ရတဲ့ရှုခင်းပါ။ဒီပုံကိုကိုယ့်ကိုကိုယ်တော့တော်

တော်ကြိုက်ပါတယ်။၂၀၁၄ လောက်ကရိုက်ထားတဲ့ပုံဖြစ်မယ်ထင်ပါတယ်။

Saturday, December 2, 2017

Sunset at concrete jungle


ဘန်ကောက်မြို့ရဲ့ ပုံပါ။pixabay ကနေရပါတယ်။မူရင်းပုံမှာ foreground ကတိုက်ခေါင်မိုးပဲပါပါတယ်။ရေး

ရင်းနဲ့မတော်တဆ foreground ပြောင်းသွားတာပါ။စက္ကူရဲ့ texture ကြောင့် နောက်ကတိုက်တွေနဲ့

ကောင်းကင်ကတော့ လိုချင်သလိုရပါတယ်။

Saturday, November 25, 2017

Madalay Hill

အရှေ့က ဆရာ့ဆရာများစွာ ရေးဖူးပြီးသား မြင်ကွင်းပါပဲ။ဘုရားကနဲနဲကြီးသွားတယ်လို့ထင်တယ်။

ရေပြင်ကိုရေးထားတာလဲသိပ်မကြိုက်လှဘူး။ဘယ်လိုဖြစ်ဖြစ်ပြန်မပြင်ချင်တာနဲ့ဘဲ ထားလိုက်ပါတယ်။

For photos or for water



ဓါတ်ပုံရိုက်သူ၊ကလေးအထူးကုဆရာဝန်၊ပရဟိတလုပ်နေသူ သူငယ်ချင်းတစ်ယောက်ရဲ့

ပုံပါပဲ။အညာဖက်ကရွာတွေမှာအဝီစိတွင်းတွေလိုက်တူးပေးနေလေရဲ့။

ပတ်ဝန်းကျင်တစ်ခုလုံးပူနေတဲ့အရသာကိုရအောင်ကြိုးစားတာပါပဲ။

သစ်ကိုင်းတွေရေးထားတာ မဆိုးဘူးထင်မိတယ်။ကင်မရာလွယ်ထားပြီး

အတွေးနက်တတ်သူ သူ့သဘာဝကိုမိဖို့လည်းကြိုးစားကြည့်တယ်။

Thursday, November 2, 2017

စိန်နားပန်



သူငယ်ချင်းတစ်ယောက် ၂၀၁၇ တောင်ကြီးတန်ဆောင်တိုင်မှာရိုက်ထားတဲ့

ဓါတ်ပုံကိုရေးတာပါ။ထုံးစံအတိုင်းအသေးစိတ်လို့မရ။အရောင်နဲ့အလင်းကိုကစားရတာပါပဲ။စုတ်ချက်

တွေကိုတွက်ရေးတဲ့ အကျင့်တော်တော်လုပ်ရဦးမယ်။အရမ်းမကြိုက်ပေမယ့်အမှတ်တရပါပဲ။

Saturday, October 21, 2017

တန် ဆောင် တိုင်ည


တန်ဆောင်တိုင်အမှတ်တရပေါ့။ မီးပန်းတွေကိုဒီထက်ပိုပြီး soft ဖြစ်အောင်ရေးနိုင်ရင်ပိုကောင်းမှာပဲလို့

ထင်ပါတယ်။ညကောင်းကင်ကလည်းရေးရခက်တဲ့အထဲပါတယ်။လှုပ်ရှားမှုလေးတော့ပါအောင်ရေးနိုင်ခဲ့

တယ်ထင်မိပါတယ်။ Canson စက္ကူဟာ မျော ရေးဖို့တော့ အချိန်အဆတော်တော်လိုတယ်။

Friday, October 13, 2017

Brake


Renaissance စက္ကူပေါ်မှာ Camel နဲ့ ရေးဖြစ်ထားတာတစ်ခုပါပဲ။

ကိုယ့်ကိုယ်ကိုတော့အတောင်ပံအပြာရောင်ကိုကြိုက်ပါတယ်။

Friday, September 29, 2017

My Boy_DD


ငယ်ငယ်ကပန်းချီသင်တော့ စသင်တဲ့လက်ရာလေးတွေကိုလူကြီးတွေကိုပြရင် ခပ် များများရတဲ့မှတ်ချက်

ကတော့ တူလဲမတူဘူးဆိုတာပါပဲ။ လူပုံဆွဲရင်တူရမယ်ဆိုတာ ကိုယ်တွေဆီကသူတွေ လူပုံကိုကြည့်ရင်ပေး

တဲ့မှတ် ချက်ပါပဲ။ တော်တော်လေးဆွဲတတ်လာလို့ ဆွဲတိုင်းတူလာတဲ့ အခါ ဘယ်သူမှ ဘာမှထပ်ပြောရန်

မရှိကြတော့ပါ။ဆွဲတဲ့သူကိုယ်တိုင်တောင်တူအောင်လုပ်ရတာပျင်းလာတာပါပဲ။

ဒီမှာတော့ ဘယ်ဘက်ခြမ်းကို ကျနေတဲ့ အလင်းရယ်၊တမင်လုပ်တာမဟုတ်ပဲ သူ့ဟာသူဖြစ်သွားတဲ့

pose လေးရယ် ကို ရအောင်လုပ်ကြည့်တာပါပဲ။ သားအတွက်လည်းအမှတ်တရပေါ့။

Saturday, September 23, 2017

221B Baker Street



Jeremy Brett သရုပ်ဆောင်တဲ့ အပိုင်း ၁၃ ပိုင်း TV series ထဲကပုံပါ။ နာမည်အကြီးဆုံး Sherlock Holmes

series ပါပဲ။ဆရာမြသန်းတင့်ရဲ့ဘာသာပြန်တွေကိုဖတ်ခဲ့ရပြီး၊ဒီ series ကိုကြည့်တဲ့အခါ

အရမ်းကြည့်လို့ကောင်းပါတယ်။မင်းသားသရုပ်ဆောင်တာပီပြင်လွန်းလို့တခြားဇတ်ရုပ်တောင်သရုပ်

ဆောင်လို့မရတော့ဘူးလို့ ဖတ်ရပါတယ်။အဲဒီထဲကပုံတွေတော်တော်များများစုထားပြီး၊ပြန်ရေးဖို့စိတ်

ကူးရှိပါတယ်။Canson block ပေါ်မှာပဲ Camel watercolor  နဲ့ရေးတာပါ။

Saturday, September 16, 2017

မနက်စာ




မူရင်းပုံက သိုးတွေပါ။မြန်မာဆန်အောင် ကျွဲတွေလုပ်လိုက်တယ်။

ဒီပုံကို ကျေနပ်ပါတယ်။ Canson စက္ကူပေါ်မှာ Van Gogh watercolor နဲ့ရေးကြည့်တာပါပဲ။

စက္ကူက အကြမ်းမဟုတ်တော့ ဆေးခြောက်တာတော်တော်မြန်ပါတယ်။

သို့သော်လည်း ဆေးကွက်တာမျိုးသိပ်မဖြစ်ဘူး။ခြောက်သွားတဲ့အခါ tone နဲနဲ လျော့

သွားပါတယ်။

Thursday, September 7, 2017

Boat Club



၂ဝဝ၉ ခုနှစ်က ရိုက်ထားတဲ့ ဓါတ်ပုံအဟောင်းလေးကိုပြန်ရေးတာ...စက္ကူက Canson ပေါ့ အကြမ်းမဟုတ်

တော့ ရေနည်းနည်းစုပ်တယ်ထင်ပါတယ်။အနီးအဝေး ကိုအဆင်ပြေအောင်လုပ်နိုင်တယ်ထင်မိတယ်။

အစိမ်းတော့နည်းနည်းများသွားတယ်။

Saturday, September 2, 2017

Featured artist at DoodleWash

ထုံးစံအတိုင်း web ပေါ်မှာလျှောက်  ကြည့်ရင်း DoodleWash ဆိုတဲ့ blog လေးတွေ့တော့
သပ်သပ်ရပ်ရပ် ရှိတာနဲ့ ဝင်ကြည့်တော့ လုပ်ထားတာသိပ်မကြာသေးဘူး။

သူ့ရဲ့ featured artists တွေတစ်ယောက်၊နှစ်ယောက်ကြည့်တော့ ကိုယ်သဘောကျတဲ့သူတချို့ပါနေတာနဲ့ member ဝင်ပြီး  ပန်းချီ (၄)၊(၅) ပုံတင်ပါတယ်။ blog ရဲ့ founder က featured artist လုပ်ဖို့ လှမ်းဖိတ်တော့ စိတ်ထဲရှိနေတဲ့ အကြောင်းလေးရေးပြီး ၂ဝ၁၂ မှာရေးဖူးတဲ့ ပုံဟောင်းတချို့နဲ့ ခုတလောရေးဖြစ်နေတဲ့ပုံအသစ် တချို့ပေးလိုက်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နွေးထွေးပြီး ပျော်စရာကောင်း တဲ့ နေရာလေးတစ်ခုပဲ။

မြန်မာတော့လောလောဆယ်ကိုယ်တစ်ယောက်ထဲပေါ့။ရေဆေး ပြန်ရေးဖြစ်တဲ့ကာလမှာ အမှတ်တရတစ်ခုပဲဆိုပါတော့။

ကိုယ့် blog ထဲလည်း သူ့ link ကိုသိမ်းလိုက်တယ်။

https://doodlewash.com/guest-artist-watercolor-obsession-by-nay-aung/
https://dwsh.co/2xPn1Lg


Friday, August 25, 2017

Stream of Thoughts


သူငယ်ချင်းတစ်ယောက်ရိုက်ထားတဲ့ဓါတ်ပုံကိုပြန်ရေးတာပါ။မူရင်းဓါတ်ပုံရိုက်သူကလဲအနုပညာဓါတ်ခံနဲ့မို့

ဖွဲ့စည်းမှုကိုသူ့အတိုင်းသာထားပြီး၊အရောင်နဲ့ main subject ကိုပြင်လိုက်ပါတယ်။

မူရင်းဓါတ်ပုံမှာအပူရောင်တွေများပြီး၊ဒီမှာတော့ အေးအောင်ကြိုးစားပါတယ်။

မူရင်းပုံမှာဆရာလေးသုံးပါးရယ်မောစကားပြောနေတာဖြစ်ပြီး၊ဒီမှာတော့တစ်ပါးထဲအတွေးနက်နေသလားလုပ်ကြည့်

ပါတယ်။

စက္ကူကတော့နာမယ်ကြီး Arches ဖြစ်ပါတယ်။သူ့ရဲ့ texture ကဒီကားအတွက်တော့

နည်းနည်း များကြမ်းနေမလားခံစားမိပါတယ်။

Saturday, August 19, 2017

Quality Time


materials တွေက သိပ်အရေးမကြီးဘူးဆိုပေမယ့်လည်း၊ ဆေး၊စုတ်၊စက္ကူ ကိုရနိုင်သလောက်ကောင်း

ကောင်းသုံးကြည့်တဲ့အခါ ကိုယ်လိုချင်သလိုပိုဖြစ်တာကိုတွေ့ပါတယ်။ဒီမှာတော့ mood နဲ့ lighting ကို

အဓိကပြချင်တာပါပဲ။ A5 size သေးသေးလေးရေးထားတာပါ။သားအတွက်လက်ဆောင်ပေါ့။

Thursday, August 17, 2017

KanDawGyi Sunset_20th waterlor in 2017


Esperado ဆိုတဲ့ ဆိုင်ပေါ်ကမြင်ရတဲ့ ကန်တော်ကြီးနေဝင်ချိန်။ နှစ်ခါပြန်ရေးမှ အောင်မြင်ပါတယ်။ကောင်း

ကင်အရောင်ကို ကျေနပ်ပေမယ့်၊ middle ground ကသစ်ပင်အုပ်တွေကို tone လျှော့လိုက်ရင် depth

ပိုကောင်းသွားမယ်ထင်မိတယ်။၂ဝ၁၇ မှာပြန်ရေးဖြစ်တဲ့ရေဆေး အခုနှစ်ဆယ်မြောက်ပုံပေါ့။

Friday, August 11, 2017

သိပ်အသုံးမကျတဲ့နှင်းဆီ


စရေးတုန်းတော့ အသေးစိတ်မိနေသေးတယ်။ရေးရင်းရေးရင်းနဲ့စိတ်ပြောင်းလာပြီးရေတွေနဲ့


မျောဆေးတွေနဲ့ပက်လုပ်လိုက်တာ။

Background ကတော့ အဝါသွေးလေးနဲနဲပြေးလိုက်တယ်။

ဒီလိုဖြစ်သွားတဲ့ပုံကိုပိုကြိုက်ပါတယ်။ပုံတစ်ခုလုံးကတော့နွေးသွားတယ် ထင်ပါရဲ့။

Saturday, August 5, 2017

Sunshine


ထုံးစံအတိုင်း နောက်ခံကတော့မျော တာပဲ။ အရောင်နဲ့ အလင်းလာတဲ့ ဘက်ကလေးပဲနည်းနည်းသတိ

ထားလိုက်တာပါ။ဒီကားကိုတော့ ကိုယ့်ဘာသာ တော်တော်ကြိုက်ပါတယ်။

Saturday, July 29, 2017

Taunggyi (8)

Facebook ထဲက မျက်ရည်လောက album ထဲမှာတောင်ကြီးပုံတွေစုထားတာ ခုနှစ်ခု။
ဒါကရှစ်ခုမြောက်ပေါ့။ရှေ့ကခုနှစ်ခုက digitally ရေးထားတာတွေ။ခုတော့ acrylic ရေးတဲ့ 300gsmပေါ်မှာ
ရေမျော တာပါပဲ။ သူ့ရဲ့ Texture ကို watercolor paper ထက်တောင်ကြိုက်နေသေးတယ်။

Thursday, July 27, 2017

Early Birds


ဒီတစ်ပုံ မှာ Timing ကိုနဲနဲသဘောပေါက်လာတယ်ဆိုရမယ်။ဒါပေမယ့် ဘုရားကျောင်း မျက်နှာစာရဲ့ tone


ကိုလျော့ပြီး soft ဖြစ်သွားအောင်လုပ်ရင် ပိုပြီး atmospheric effect ကိုရနိုင်မယ်ထင်မိတယ်။တောင်ကြီးမှာ 

ငယ်ငယ်က အကြိမ်ကြိမ် ဖြတ်သွားဖူးတဲ့ လမ်းတစ်လမ်းပါပဲ။လူပုံရေးလိုက်ရင်ပိုကောင်းမယ်ထင်လို့

ကိုယ့်ဘာသာကိုယ်ထည့်လိုက်တယ်။