Wednesday, January 11, 2017

Coffee and Color (5)

ရှားလော့ဟုမ်း ရဲ့ စာအုပ်တွေ နဲ့ ကော်ဖီပေါ့။Lighting နဲ့ Texture ကို ကစားကြည့်တာပါ။

ဆရာမြသန်းတင့်ရဲ့ ရှားလော့ဟုမ်း ဘာသာပြန်တွေ ကို ငါးတန်း၊ခြောက်တန်းလောက်မှာဖတ်တယ်

လို့မှတ်မိတာပဲ။ တောင်ကြီးက ဘာသာပြန်စာအုပ်တွေ ငှားတာများတဲ့ ဟေမာန်ဦး ဆိုတဲ့ စာအုပ်ဆိုင်

လေးမှာပါ။ ညဖက်အိပ်ရာထဲလှဲပြီး ရှားလော့ဟုမ်းကိုဖတ်ရတာ အရသာပါပဲ။ဆရာမြသန်းတင့်ရဲ့ဘာသာ

ပြန်ကောင်းလွန်းတော့ မူရင်းရေးတဲ့ အတိုင်းထင်ရတယ်။အဲဒီအချိန်မှာတော့ စုံထောက်မောင်စံရှားကို

မဖတ်ဖူးသေးပါ။