Sunday, April 9, 2017

တောပြုန်းခြင်း

(အင်တာနက်ပေါ်လျှောက်ကြည့်ရင်း ၂ဝဝ၅ နိုဝင်ဘာလောက်က လုပ်ဖူးခဲ့တဲ့ blog အပိုင်းအစလေးတစ်ခု

မျှော်လင့်ပဲပြန်တွေ့တယ်။ My Little Forest ဆိုတဲ့နာမည်နဲ့ Blogger နဲ့ပဲလုပ်ခဲ့တာ။Posts လေးတွေ

လေးငါးဆယ်ခုလောက်တင်ခဲ့တာတွေ့တယ်။အဲဒီအချိန်တုန်းကကြုံခဲ့၊ဖြစ်ခဲ့တဲ့စိတ်အခြေအနေတချို့ကို

မှတ်မှတ်ရရပြန်ဖြစ်ပါတယ်။ဒါနဲ့ပဲ အမှတ်တရလေးတွေပြန်စုတဲ့သဘော၊ခု blog မှာ နည်းနည်းခြင်းပြန်စုပါ

တယ်။ခုအောက်က Post ကအဲဒါတွေထဲကတစ်ခုပါ ။ ပုံကတော့ ထုံးစံအတိုင်း Blender နဲ့ Low Poly လုပ်ကြည့်တာပါပဲ။)


ကျွန်တော်တို့တတွေဟာ တောင်ကတုန်းတွေကိုတွေ့ဖူးကြမှာပါပဲလို့ထင်ပါတယ်။သို့ပေမယ့် သေချာတာ

တစ်ခုကတော့ဖြင့်ကျွန်တော်တို့ထဲက တော်တော်များများဟာ ကိုယ့်အတွင်းထဲက တောင်ကုန်းလေး

တွေပေါ်မှာ သစ်ပင်တွေပြုန်းတီးကုန်တာကို သတိထားမိကြဟန်တော့မတူဘူး။အဲဒီလိုအတွင်းကသစ်တော

ပြုန်းတီးမှုဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို ပြင်းထန်စွာ ငြီးငွေ့ အကျဉ်းတန်စေပါတယ်။

စိနတိုင်း က မင်းစီးယပ်(စ)လို့ခေါ်တဲ့ တောင်တွေးမြောက်တွေးတွေးတတ်တဲ့

အဘိုးကြီးတစ်ယောက်ကတော့အထက်ပါအခြေအနေမျိုးကို လူ့ယဉ်ကျေးမှုရဲ့ အတုအယောင်

နေထိုင်မှုပုံစံတွေကြောင့် အတွင်းသစ်တောပြုန်းတီးခြင်း လို့ ထောပနာပါတယ်။

အဲဒီအတုအယောင်တွေကို နှစ်နှစ်သက်သက်နဲ့ မသိဘဲမျောနေသူတွေအတွက်အဖြေမလိုပါဘူး။သိပြီး

တော့သစ်တောပြုန်းတီးမှုကိုကာကွယ်ချင်တဲ့သူတွေအတွက်တော့ အဖြေရှိပါတယ်။

မင်းစီးယပ်(စ) ရဲ့ အလိုအားဖြင့် တော့ နေ့စဉ်ဘဝထဲမှာတတ်နိုင်သမျှကလေးတစ်ယောက်ရဲ့နှလုံးသား

ကိုပြန်ရှာဖို့ပါပဲ။

အဲသလိုနေခြင်းဟာ ကျွန်တော်တို့ ရဲ့ အတွင်းကသစ်တောလေးတွေကို ကာကွယ်ထိန်းသိမ်းဖို့

တစ်ခုတည်းသော နည်းလမ်းပါပဲ။

(နိုဝင်ဘာ ၂ဝဝ၅၊ မော်စကို )


Saturday, April 8, 2017

ကူးပြောင်းစတန်ခူးလေမှာ....

PBR shaders တွေကြောင့် ပန်းနဲ့ သစ်ရွက်ကို organic feel ပိုရစေပါတယ်။ပိတောက်ရဲ့ အဝါနဲ့
ပျော့ပျောင်းတဲ့ ပတ်ဝန်းကျင်ကိုတော့ post processing ကျမှ ရတာပါပဲ။ Particle settingတော့လိုလိမ့်ဦးမယ်။
သို့သော်လည်း ဒီလောက်နဲ့ ပဲ ကိုယ့်ကိုယ်ကိုတော့ သင်္ကြန်မိုးရဲ့ အရသာကို ရပါပြီ။