Saturday, July 29, 2017

Taunggyi (8)

Facebook ထဲက မျက်ရည်လောက album ထဲမှာတောင်ကြီးပုံတွေစုထားတာ ခုနှစ်ခု။
ဒါကရှစ်ခုမြောက်ပေါ့။ရှေ့ကခုနှစ်ခုက digitally ရေးထားတာတွေ။ခုတော့ acrylic ရေးတဲ့ 300gsmပေါ်မှာ
ရေမျော တာပါပဲ။ သူ့ရဲ့ Texture ကို watercolor paper ထက်တောင်ကြိုက်နေသေးတယ်။

Thursday, July 27, 2017

Early Birds


ဒီတစ်ပုံ မှာ Timing ကိုနဲနဲသဘောပေါက်လာတယ်ဆိုရမယ်။ဒါပေမယ့် ဘုရားကျောင်း မျက်နှာစာရဲ့ tone


ကိုလျော့ပြီး soft ဖြစ်သွားအောင်လုပ်ရင် ပိုပြီး atmospheric effect ကိုရနိုင်မယ်ထင်မိတယ်။တောင်ကြီးမှာ 

ငယ်ငယ်က အကြိမ်ကြိမ် ဖြတ်သွားဖူးတဲ့ လမ်းတစ်လမ်းပါပဲ။လူပုံရေးလိုက်ရင်ပိုကောင်းမယ်ထင်လို့

ကိုယ့်ဘာသာကိုယ်ထည့်လိုက်တယ်။

Saturday, July 22, 2017

PanSoDan Corner

၂ဝ၁၄ လောက်ကတစ်ညနေခင်း လောကနတ်ပန်းချီပြခန်းမှာ ခဏနေဖြစ်တုန်းပြတင်းပေါက်ကမြင်ရတဲ့

ပန်းဆိုးတန်းလမ်းထောင့်ပေါ့။200gsm စာရွက်ကို Stretching လုပ်ပြီးမှရေးတာပါပဲ။အရောင်တွေကအစ

ကနဲ့စာရင်ကြည်အောင်၊တောက်အောင်လုပ်တတ်လာပြီပြောရမယ်။brush work တွေတော့အားမရပါ။

Wednesday, July 19, 2017

He is late


ဘုရားပေါ်မှာ ဘယ်တုန်းကရိုက်ခဲ့မိတဲ့ပုံလည်းမမှတ်မိတော့။တစ်ယောက်ယောက်ကိုစောင့်နေတာနဲ့တူ

တယ်။acrylic ဆွဲတဲ့ 325 gsm စာရွက်ပေါ်မှာရေးကြည့်တာ။rough texture မဟုတ်တော့ ဆေးတွေက

စာရွက်ပေါ်မှာကွက်ပြီးကျန်နေတယ်။ကြမ်းပြင်ကဒီထက်ဖျော့ ပြီးနေရောင်ကျတဲ့အရသာလေးလုပ်ရင်ပို

ကောင်းမယ်ထင်မိတယ်။