Thursday, July 6, 2017

အမည်ပေးမထား ( ၂ )

သူမရဲ့ပုံတူကို ၈၈ - ၉ဝ ခုနှစ်များကတစ်ခါ ခဲနဲ့ရေးဖူးတယ်။အဲဒီတုန်းက လေးဖြူရဲ့ကန္တာရလမင်း အောင်မြင်နေတဲ့ အချိန်ပဲ။ အလင်းရောင်ဆိုတဲ့ သီချင်းကိုအဲဒီတုန်းက အချစ်သီချင်းရယ်လို့မခံစားမိဘူး။
ဒါနဲ့ပဲ ဆွဲဖြစ်တဲ့ပုံတူကို အလင်းရောင် လို့နာမည်ပေးဖြစ်ခဲ့တယ်။ အဲဒီပုံတူကိုသူငယ်ချင်းတစ်ယောက်
ယောက်ကိုလက်ဆောင်ပေးခဲ့တယ်လို့မှတ်မိတယ်။သို့သော်ငြားဘယ်သူဘယ်ဝါရယ်လို့မမှတ်မိတော့ပါ။
အဲဒီတုန်းက သူမမျက်နှာဟာ နုပျိုမှုတွေ နဲ့။ ကိုယ်တွေတော့ကလေးသာသာရယ်။ ဒီပုံမှာတော့ ရေးနေရင်း သူမကို ပင်ပန်းပြီလို့ ခံစားမိပါရဲ့။ရေးတဲ့ tone ကရင့်သွားတာလည်းပါမှာပေါ့လေ။ Reference Photo ကတော့ ဂျာမဏီခရီးစဉ် မှာရိုက်ထားတဲ့ပုံ နဲ့တူတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနှစ်နှစ်ဆယ်ကျော်ပြီးမှ ပြန်ရေးဖြစ်တဲ့ပုံတူပဲပေါ့။ ဒီတစ်ခါတော့ ဘာနာမည်မှတပ်မနေတော့ပါ။ သူမကိုကိုယ့်ထက်တတ်ကျွမ်းနားလည်တဲ့ သူတွေက နာမည်မျိုးစုံ၊ဘွဲ့မျိုးစုံ ပေးပြီးသားဖြစ်နေလို့ပါပဲ။

No comments:

Post a Comment