Sunday, October 21, 2018

Let's talk first



Blender ထဲမှာ Sculpting လေ့ကျင့်ခန်းပါပဲ။Modeling နဲ့စာရင်ပိုခက်ပေမယ့် ပိုပြီး Art ဆန်ပါတယ်။

ဒီဘက်လတွေမှာ ရေဆေးမရေးဖြစ်တော့ပဲ blender ထဲရောက်နေတာများတယ်။

Saturday, September 8, 2018

အသည်းကွဲရေဒီယို


marmoset နဲ့ Substance painter လေ့ကျင့်ခန်းပါပဲ။ သီချင်းဟောင်းလေးသတိရရင်းပေါ့။ ရေဒီယိုအဟောင်းလေးရဲ့ texture ဟာစိတ်ဝင်စားဖို့ကောင်းပါတယ်။

Thursday, August 30, 2018

BOT Cafe @ Yangon

hard surface modeling အတွက်လေ့ကျင့်ရင်း ပေါ်လာတဲ့ theme တစ်ခုပါ ။ တိုက်တိုက်ဆိုင်ဆိုင်

ဆီစျေးတွေတအားတက်နေတဲ့အချိန်လည်းဖြစ်နေတယ်။ အပြိုင်အဆိုင်မောင်းနေကြတဲ့ ကားကြီး၊ကားငယ်

အသွယ်သွယ်နဲ့ ရန်ကုန်ဟာတဖြည်းဖြည်း နေထိုင်ရခက်ခဲလာတာပါပဲ။အောက်ကပုံကတော့ Marmoset

Toolbag နဲ့လှည့်ကြည့်နိုင်ဖို့ပေါ့။


Saturday, August 25, 2018

Model No. DD2018


CG Industry ရဲ့ Pipe Line တစ်ခုကို လုပ်ကြည့်တာပါ။တစ်ပတ်လောက်လုပ်လိုက်ရတဲ့ result ပေါ့။

texture တွေကို substance painter နဲ့လုပ်ရတာစိတ်ဝင်စားဖွယ်ပါပဲ။

Friday, July 27, 2018

The Little Prince and coffee



ဒေါက်တာဒေါ်ခင်လေးမြင့်ဘာသာပြန်တဲ့ မင်းသားလေး စာအုပ်ဟာ ဖတ်ဖူးခဲ့တဲ့ စာအုပ်များထဲ မှတ်မှတ်ရရ

ရှိတဲ့တစ်အုပ်ပါပဲ။my little forest ဆိုတဲ့နာမည်တောင်သူ့ရဲ့လွှမ်းမိုးမှုတွေအများကြီးပါပါတယ်။

blender နဲ့အမှတ်တရတွေကို သိမ်းဖြစ်တာပါပဲ။

Thursday, July 26, 2018

Superhero suit of 80s'




ကလေးတုန်းကသိပ်ကြိုက်တဲ့ ကိုပူစီဆိုတဲ့ superhero ရဲ့ ဝတ်စုံကို blender နဲ့လုပ်ထားတာပါ။

ကိုပူစီရဲ့ character ကိုနောက်ပိုင်းမှာ ကြိုးစားကြည့်ဖို့တော့တေးထားပါတယ်။ ကိုပူစီဟာ ကာတွန်း

မောင်မောင်ရဲ့ ဇတ်ကောင်ဖြစ်ပြီး၊သူ့ character ကို develop လုပ်ခဲ့ကြသူတွေထဲ ကာတွန်းပိုးဇာကို

အကြိုက်ဆုံးပါပဲ။

Friday, July 20, 2018

Another vase of roses

Procreate နဲ့ရေးဖြစ်တဲ့ digital painting တစ်ခုပါပဲ။digital ရဲ့ အကူအညီကြောင့် practice ပိုင်းက

အားနည်းချက်တွေကိုအများကြီးလျစ်လျူရှုထားလို့ရပါတယ်။မြန်မာပြည်မှာ art form တစ်ခုအနေနဲ့

trend မဖြစ်လာသေးပေမယ့်နောင်ကျ ရင်လုပ်လာကြမယ်လို့မျှော်မှန်းရတာပါပဲ။

Wednesday, July 18, 2018

Coffee at dawn



ဆွမ်းအုပ်တွေကို screw modifier အကူအညီနဲ့အသာအယာလုပ်လို့ရပါတယ်။ဒီမှာပိုပြီးကြိုက်တာက

Lighting ပါပဲ။surface Imperfections တွေထည့်နိုင်ရန်တော့ပိုကောင်းမှာပါ။

Saturday, July 14, 2018

POT's Character


စိတ်ထဲတေးထားတဲ့ Blender project တစ်ခုရဲ့အစပေါ့။ပေါ်ဦးသက်ရဲ့ အရုပ်လေးတွေကို 3d လုပ်ကြည့်ဖို့ပါပဲ။ပထမဆုံးအကြိမ်မို့ခက်ပါတယ်။အဆုံးသတ်လိုက်နိုင်သမို့ကျေနပ်တာပါပဲ။

Friday, July 6, 2018

Kanoke and coffee_1


blender ကိုစိတ်ပြန်လည်တဲ့အချိန်မှာ စိတ်ထဲရှိနေတာတွေတွဲလုပ်ကြည့်တာပါ။ကနုတ်ပန်းတွေကတော့

အဆင့်သင့်ရှိနေတဲ့စာအုပ်တွေထဲကယူပါတယ်။Blender ရဲ့ PBR shader အသစ်ဟာတော်တော်လေး

အစွမ်းထက်တာပါပဲ။texture ကိုလည်း procedural လုပ်ရတာပိုကြိုက်နေပါတယ်။


Monday, July 2, 2018

My Wish





သင်္ကြန်တွင်း ပန်းပျိုးလက်ဆိုတဲ့ ပဲခူးဖက်က ပရဟိတ ဘုန်းတော်ကြီးကျောင်းလေးမှာ ပဉ္ဇင်းတက်၊တရား

စခန်းဝင်တုန်းက အဲဒီကျောင်းက ကလေးတွေအတွက်လုပ်ထားတဲ့စာကြည့်တိုက်ရှေ့မှာ ရှိတဲ့စာသားပါ။

ကြိုက်လို့ဓါတ်ပုံရိုက်ခဲ့ပြီးမှ အင်္ဂလိပ်လိုပြန်လိုက်ပါတယ်။Lumen 5 မှာ video လုပ်ချင်လို့ပါပဲ။

Saturday, June 2, 2018

One evening at Migadāya


Photos for artists ဆိုတဲ့ FB group ထဲကပုံလေးတစ်ပုံပါ။မူရင်းပုံမှာ color tone ကပိုရင့်ပါတယ်။ဒီမှာ

နောက်တစ်ထပ် ထပ်ချင်ရင်ရသေးပေမယ့်၊နောက်ခံအဖျော့က ကိုယ်လိုချင်တဲ့Mood မျိုးပိုရတာနဲ့မထပ်

တော့ပါဘူး။သစ်ပင်ရေးထားတာတော့အရမ်းမကြိုက်လှပါ။သစ်ကိုင်းတွေကိုဒီထက်ပိုပြီးပျော့အောင်ရေး

သင့်တယ်ထင်ပါတယ်။နာမယ်ကိုတော့ မိဂဒါဝုန် ဆိုပြီးစိတ်ထဲပေါ်လာတဲ့အတိုင်းပေးလိုက်တယ်။

Wednesday, May 30, 2018

Falling in love with watercolor


Read complete story : https://doodlewash.com/guest-artist-watercolor-obsession-by-nay-aung

Doodlewash မှာရေးခဲ့တဲ့ဟာတွေထဲက တချို့ကိုထုတ်ပြီး video လုပ်တာပါ။lumen 5 ဆိုတဲ့ online video editing software နဲ့ပေါ့။

Sunday, May 27, 2018

Morning Visit

အင်းထဲရှုခင်း၊သူငယ်ချင်းတစ်ယောက်ရဲ့ဓါတ်ပုံပါ။မူရင်းပုံမှာသစ်ပင်နောက်က နေလုံးပါပါတယ်။အစက

တော့အဲဒါကိုရအောင်လုပ်မလို့ပါပဲ။ရေးပြီးခါနီးမှစိတ်ပြောင်းပြီးမကြိုးစားတော့ပါဘူး။ထုံးစံအတိုင်း ဘုရား

အရေအတွက်၊လူအရေအတွက်တွေနဲ့ အထားအသိုကိုအဆင်ပြေမယ်ထင်သလိုပြောင်းလိုက်ပါတယ်။

Langton စက္ကူရဲ့ texture ဟာပုံတွက်အထောက်အကူအများကြီးရပါတယ်။

Sunday, May 20, 2018

Sunday morning shopping

အချိန်အားတွေရှိပေမယ့်လည်းစိတ်မအားရင်ပုံရေးဖို့ခက်ပါတယ်။သို့ပေမယ့်လည်းကြာကြာတော့လည်း

မစောင့်ရပါဘူး။ရေးချင်စိတ်ပြင်းပြလာရင်ပြန်လုပ်ဖြစ်နေတာပါပဲ။မိုင်ဒါကွင်းထဲတစ်ရက်အရောက်၊ဘဲငန်း

တွေတန်းစီလမ်းလျှောက်နေတာတွေ့လို့ဓါတ်ပုံရိုက်ခဲ့တာကိုပြန်ရေးတာပါပဲ။ဘဲငန်းအရေအတွက်ကို

တကယ်ရေးတော့ နည်းပစ်လိုက်တာပိုကောင်းသွားတယ်လို့ထင်ပါတယ်။သစ်ပင်တွေတော့ဓါတ်ပုံထဲကလို

မဟုတ်ပဲကောင်းမယ်ထင်သလိုထည့်လိုက်တာပါပဲ။ရေးဖြစ်တော့တနင်္ဂနွေဖြစ်နေတာနဲ့

ခေါင်းစဉ်ကိုအဲသလိုပေးဖြစ်လိုက်ပါတယ်။

Thursday, April 5, 2018

After a night shower

စိတ်တွေမအားလပ်လို့ ပုံမရေးချင်တာကြာပေါ့။ဒီမနက် ဆိုက်ကားပေါ်ကပိတောက်ကိုတွေ့ရင်းရေးဖြစ်

သွားတာပါပဲ။သင်္ကြန်mood လေးနဲနဲရမလားလို့။

Saturday, February 10, 2018

Before Sunrise

မိုးမလင်းခင် စောင်းတန်းကမီးတွေမငြိမ်းရတုန်းမှာ ရိုက်ထားတဲ့ပုံကိုပြန်ရေးတာပါ။သစ်ပင်ရေးတဲ့

အလေ့အကျ့်လိုဦးမယ်။ မနက်စောစောပေမယ့် စောင်းတန်းမီးရောင်ရဲ့ အနွေးဓါတ်ကိုတော့

ရအောင်လုပ်နိုင်တယ်ထင်မိတယ်။

Friday, January 26, 2018

လမ်းခွဲ



မင်္ဂလာဒုံခရေပင်လမ်းခွဲက Msc တက်တုန်း အမြဲထိုင်ဖြစ်ကြတဲ့လမ်းဘေးလက်ဖက်ရည်ဆိုင်လေးပါ။

သူငယ်ချင်းတစ်ယောက်အလွမ်းပြေရိုက်ထားတာကိုပြန်ရေးတာပါပဲ။လက်ရာတော့နဲနဲကြမ်းသွားတယ်

ထင်ပါတယ်။ပြန်မပြင်ချင်တာနဲ့ ဒီအတိုင်းပဲထားလိုက်တယ်။ထိုင်ဖူးတဲ့သူတွေတွေ့ရင်တော့ အငွေ့အသက်

တွေပြန်ရမယ်ထင်တာပါပဲ။

Friday, January 19, 2018

Going to work


မနက်စောစောကားပေါ်ကနေရိုက်ဖြစ်တဲ့ဓါတ်ပုံကိုပြန်ရေးတာပဲ။Canson စက္ကူပေါ်မှာ၊ ဗန်ဂိုး ဆေးနဲ့။

ကိုယ့်ကိုယ်ကိုယ်တော့ကြိုက်ပါတယ်။









                                                




Thursday, January 4, 2018

Inle



Wash တွေပိုပြီးလွတ်လပ်လာတယ်လို့ခံစားရတယ်။အရောင်ကတော့ local colors တွေမရလိုက်ပါ။

အင်းလေးပုံတွေအများကြီးရှိတာမို့ ဆက်ရေးချင်မိသေး။