Wednesday, May 30, 2018

Falling in love with watercolor


Read complete story : https://doodlewash.com/guest-artist-watercolor-obsession-by-nay-aung

Doodlewash မှာရေးခဲ့တဲ့ဟာတွေထဲက တချို့ကိုထုတ်ပြီး video လုပ်တာပါ။lumen 5 ဆိုတဲ့ online video editing software နဲ့ပေါ့။

Sunday, May 27, 2018

Morning Visit

အင်းထဲရှုခင်း၊သူငယ်ချင်းတစ်ယောက်ရဲ့ဓါတ်ပုံပါ။မူရင်းပုံမှာသစ်ပင်နောက်က နေလုံးပါပါတယ်။အစက

တော့အဲဒါကိုရအောင်လုပ်မလို့ပါပဲ။ရေးပြီးခါနီးမှစိတ်ပြောင်းပြီးမကြိုးစားတော့ပါဘူး။ထုံးစံအတိုင်း ဘုရား

အရေအတွက်၊လူအရေအတွက်တွေနဲ့ အထားအသိုကိုအဆင်ပြေမယ်ထင်သလိုပြောင်းလိုက်ပါတယ်။

Langton စက္ကူရဲ့ texture ဟာပုံတွက်အထောက်အကူအများကြီးရပါတယ်။

Sunday, May 20, 2018

Sunday morning shopping

အချိန်အားတွေရှိပေမယ့်လည်းစိတ်မအားရင်ပုံရေးဖို့ခက်ပါတယ်။သို့ပေမယ့်လည်းကြာကြာတော့လည်း

မစောင့်ရပါဘူး။ရေးချင်စိတ်ပြင်းပြလာရင်ပြန်လုပ်ဖြစ်နေတာပါပဲ။မိုင်ဒါကွင်းထဲတစ်ရက်အရောက်၊ဘဲငန်း

တွေတန်းစီလမ်းလျှောက်နေတာတွေ့လို့ဓါတ်ပုံရိုက်ခဲ့တာကိုပြန်ရေးတာပါပဲ။ဘဲငန်းအရေအတွက်ကို

တကယ်ရေးတော့ နည်းပစ်လိုက်တာပိုကောင်းသွားတယ်လို့ထင်ပါတယ်။သစ်ပင်တွေတော့ဓါတ်ပုံထဲကလို

မဟုတ်ပဲကောင်းမယ်ထင်သလိုထည့်လိုက်တာပါပဲ။ရေးဖြစ်တော့တနင်္ဂနွေဖြစ်နေတာနဲ့

ခေါင်းစဉ်ကိုအဲသလိုပေးဖြစ်လိုက်ပါတယ်။