Friday, July 27, 2018

The Little Prince and coffee



ဒေါက်တာဒေါ်ခင်လေးမြင့်ဘာသာပြန်တဲ့ မင်းသားလေး စာအုပ်ဟာ ဖတ်ဖူးခဲ့တဲ့ စာအုပ်များထဲ မှတ်မှတ်ရရ

ရှိတဲ့တစ်အုပ်ပါပဲ။my little forest ဆိုတဲ့နာမည်တောင်သူ့ရဲ့လွှမ်းမိုးမှုတွေအများကြီးပါပါတယ်။

blender နဲ့အမှတ်တရတွေကို သိမ်းဖြစ်တာပါပဲ။

Thursday, July 26, 2018

Superhero suit of 80s'




ကလေးတုန်းကသိပ်ကြိုက်တဲ့ ကိုပူစီဆိုတဲ့ superhero ရဲ့ ဝတ်စုံကို blender နဲ့လုပ်ထားတာပါ။

ကိုပူစီရဲ့ character ကိုနောက်ပိုင်းမှာ ကြိုးစားကြည့်ဖို့တော့တေးထားပါတယ်။ ကိုပူစီဟာ ကာတွန်း

မောင်မောင်ရဲ့ ဇတ်ကောင်ဖြစ်ပြီး၊သူ့ character ကို develop လုပ်ခဲ့ကြသူတွေထဲ ကာတွန်းပိုးဇာကို

အကြိုက်ဆုံးပါပဲ။

Friday, July 20, 2018

Another vase of roses

Procreate နဲ့ရေးဖြစ်တဲ့ digital painting တစ်ခုပါပဲ။digital ရဲ့ အကူအညီကြောင့် practice ပိုင်းက

အားနည်းချက်တွေကိုအများကြီးလျစ်လျူရှုထားလို့ရပါတယ်။မြန်မာပြည်မှာ art form တစ်ခုအနေနဲ့

trend မဖြစ်လာသေးပေမယ့်နောင်ကျ ရင်လုပ်လာကြမယ်လို့မျှော်မှန်းရတာပါပဲ။

Wednesday, July 18, 2018

Coffee at dawn



ဆွမ်းအုပ်တွေကို screw modifier အကူအညီနဲ့အသာအယာလုပ်လို့ရပါတယ်။ဒီမှာပိုပြီးကြိုက်တာက

Lighting ပါပဲ။surface Imperfections တွေထည့်နိုင်ရန်တော့ပိုကောင်းမှာပါ။

Saturday, July 14, 2018

POT's Character


စိတ်ထဲတေးထားတဲ့ Blender project တစ်ခုရဲ့အစပေါ့။ပေါ်ဦးသက်ရဲ့ အရုပ်လေးတွေကို 3d လုပ်ကြည့်ဖို့ပါပဲ။ပထမဆုံးအကြိမ်မို့ခက်ပါတယ်။အဆုံးသတ်လိုက်နိုင်သမို့ကျေနပ်တာပါပဲ။

Friday, July 6, 2018

Kanoke and coffee_1


blender ကိုစိတ်ပြန်လည်တဲ့အချိန်မှာ စိတ်ထဲရှိနေတာတွေတွဲလုပ်ကြည့်တာပါ။ကနုတ်ပန်းတွေကတော့

အဆင့်သင့်ရှိနေတဲ့စာအုပ်တွေထဲကယူပါတယ်။Blender ရဲ့ PBR shader အသစ်ဟာတော်တော်လေး

အစွမ်းထက်တာပါပဲ။texture ကိုလည်း procedural လုပ်ရတာပိုကြိုက်နေပါတယ်။


Monday, July 2, 2018

My Wish





သင်္ကြန်တွင်း ပန်းပျိုးလက်ဆိုတဲ့ ပဲခူးဖက်က ပရဟိတ ဘုန်းတော်ကြီးကျောင်းလေးမှာ ပဉ္ဇင်းတက်၊တရား

စခန်းဝင်တုန်းက အဲဒီကျောင်းက ကလေးတွေအတွက်လုပ်ထားတဲ့စာကြည့်တိုက်ရှေ့မှာ ရှိတဲ့စာသားပါ။

ကြိုက်လို့ဓါတ်ပုံရိုက်ခဲ့ပြီးမှ အင်္ဂလိပ်လိုပြန်လိုက်ပါတယ်။Lumen 5 မှာ video လုပ်ချင်လို့ပါပဲ။