Thursday, August 1, 2019

Dancer_1


Brush တွေနဲ့ တော်တော်အသားတကျရှိသွားပါပြီ။ဒီပုံမှာ အလင်း ကျ နေတာ ကိုကြိုက်ပါတယ်။အမျိုးသမီးပုံမ ရေးဖြစ်တာ တော်တော်ကြာပါပြီ။တတ်နိုင်သမျှ တော့ skin tone ကိုသတိထားပါတယ်။

Sunday, July 14, 2019

Bertrand Russell_Portrait Painting

ငယ်ငယ်ကပန်းချီသင်တုန်း၊ တော်တော်လေး ကောင်းလာပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ကြပြီဆို ကိုယ်တွေ
ကိုသင်ပေးတဲ့ဆရာရဲ့နံရံမှာချိတ်ထားတဲ့ ဆေးတံနဲ့ အဖိုးကြီး ပုံကိုကူးရေးကြ တော့တာပဲ။
အဲဒီတုန်းက တော့ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ ရှားလော့ဟုမ်းကိုဖတ်ဖူးပြီဆိုတော့ အဲဒီအဖိုးကြီးကို
လည်း ရှားလော့ဟုမ်းလို့ထင်တာပါ။

နောက်နှစ်တွေအများကြီးကြာလို့ အင်တာနက်တွေဘာတွေသုံး၊စာတွေလည်း ပိုဖတ်ဖြစ်လာတော့မှ

အဲဒီအဖိုးကြီး  ဟာ  A History of Western Philosophy ကိုရေးတဲ့
စာရေးဆရာကြီး Bertrand Russell  ဆိုတာသိတော့တယ်။
ငယ်ငယ် က တော့ ဘာရယ်ညာရယ်မဟုတ် ကိုယ်ရေးတာကိုယ်ကြည့်ပြီး၊
ပျော်နေတာပါပဲ။

ခုတော့ B.Russell ကိုဒုတိယအကြိမ်မြောက်ပြန်ရေးကြည့်တာပါပဲ။
procreate ရဲ့ brush တွေကိုစမ်းသပ်
ကြည့်တာလည်းပါပါတယ်။ တစ်နေ့နည်းနည်း တစ်ပတ်လောက်ရေးတာပါ။

Friday, June 28, 2019

ခရီးတ၀က်နံနက်စာ


၂၀၁၉ မှာရေးဖြစ်တဲ့ ဒုတိယ မြောက် Digital painting ပါပဲ။ color ကိုခဏထား၊ Shape,Edges and Value ကို Procreate နဲ့ လေ့ကျင့်တာပါ။ မှတ်မှတ်ရရ Procreate ကို ဝယ်သုံးဖြစ်ခဲ့ပါပြီ။ တစ်ခုထဲကိုစူးစိုက်လေ့ကျင့်ရင်ပို ခရီးရောက်ဖို့ရှိပေမယ့် စမ်းလို့ရသမျှ လျှောက်စမ်းကြည့်ချင်နေတာပါ။

သူငယ်ချင်းတစ်ယောက် ရိုက်ခဲ့တဲ့ ရှမ်းပြည်ဖက်က စျေးရှုခင်းကိုကြည့်ရေးတာပါပဲ။

Thursday, March 14, 2019

Internal Landscape_15


ArtSet ဆိုတဲ့ app ကိုစမ်းကြည့်တာပါပဲ။ သူ့ရဲ့ updated version ဟာ တော်တော်လုပ်လို့ရတဲ့

အ နေအထားကိုရောက်လာပြီ။ ရံဖန်ရံခါ Subject မပါတာဟာ ကိုယ်ပြောချင်တဲ့ mood ကိုပို

ရ စေပါတယ်။